လွိုင်လင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့ အထွက် စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် လွိုင်လင်မြို့ဘက်မှ  မိုင်းပွန်မြို့ဘက်သို့  မောင်းနှင်လာသော  ဗွီဂိုအမျိုးအစား  မော်တော်ယာဉ် အမှတ်၊ 9H/---- သည် လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  မသင်္ကာ၍ လိုက်လံ ဖမ်းဆီးရာ လွိုင်လင်မြို့၏အနောက် တောင်ဘက်မီတာ ၃၀၀ ခန့်အကွာ၌ ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့်  ၎င်း ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၃၂၀၀၀ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း  ၇၃၀၀  ကျော်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား လွိုင်လင်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။