အိန္ဒိယရှိအဗီဒါ အပန်းဖြေစခန်းက ရေကူးကန်ကို ငါးမွေးမြူရေးကန်အဖြစ် ပြောင်းလဲ

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိအဗီဒါ အပန်းဖြေစခန်းသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရစဉ် ၎င်းတို့၏ရေကူးကန်ကို ငါးမွေးမြူရေးကန်အဖြစ်   ပြောင်းလဲလိုက်ကြောင်း သိရသည်။ မီတာ ၁၅၀ ရှိသောထိုရေကူးကန်၌ ယခင်ကဥရောပခရီးသွားများနှင့် ပြည့်နှက်နေသော်လည်း ယခုအခါ ရေချို၊ ရေငန် ငါးများနှင့် ပြည့်နှက်နေသည်။

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကြောင့် အစိုးရက တစ်နိုင်ငံလုံးကို အသွားအလာ ကန့်သတ်ခဲ့ရသည့်မတ်လတွင်   ထိုအပန်းဖြေစခန်းလည်း ပိတ်ခဲ့ရပြီး ထိုအချိန်မှစ၍ ဟိုတယ်အနည်းငယ်ကသာ ပြန်ဖွင့်ခွင့်ရရှိထားသည်။

၎င်းင်းတို့အနေဖြင့် ဝင်ငွေမရှိသည့်အတွက် ဇွန်လတွင် ရေကူးကန်အတွင်း ငါးအကောင်ရေ ၁၆၀၀၀ ကိုမွေးမြူခဲ့ကြောင်း အဗီဒါအပန်းဖြေစခန်းမှ အထွေထွေမန်နေဂျာ ယော့တစ်ဆူရန်ဒရန်က ပြောသည်။

ယခုမွေးမြူထားသည့် ငါးများသည် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသတို့ရှိ ဟင်းပွဲများ၌ ကျော်ကြားသော ငါးများဖြစ်ကြောင်း၊ ထိုငါးများကို နိုဝင်ဘာလတွင်ဖမ်း၍  အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့မည်ဖြစ်ကြောင်းနှင့်    ရေကူးကန်အတွင်းရှိ ငါးတန်ချိန် ၄ တန်အတွက် အမေရိကန်ဒေါ်လာ ၄၀၀၀၀ ရရှိမည်ဟု ခန့်မှန်းရကြောင်း ဆူရန်ဒရန်က ပြောသည်ဟု သိရသည်။                       

Ref: CAN