မြိတ်မြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်များအတွင်း မူးယစ်ဆေးဝါး များနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သယ်ဆောင်လာသူ များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၂၂

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သမုတ်-လွတ်လွတ်တံတား၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ဧပြီ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် ထားဝယ်မြို့ဘက်မှ မြိတ်မြို့ဘက်သို့ စိုင်းဆိုင်ခေလ်(ဘ) ဦးလွန်းစန္ဒာမောင်းနှင်၍ အောင်ဇော်ဦး(ဘ) ဦးအောင်မြတ်၊ ထွန်းလင်း(ဘ) ဦးရှောင်ကြည်၊ ရန်ပိုင်ဖြိုး(ဘ) ဦးကျော်ဝင်း နှင့် ခွန်ဘဖြူ(ဘ)ဦးမောင် တို့လိုက်ပါ လာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 6M/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ အရန်ဘီး အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၆၀၀၀ ကျော်)နှင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ အေးသာယာ- တောင်ကြီး အတက်လမ်း ထုံးဘိုစစ်ဆေးရေးဂိတ်၌ ဧပြီ ၂၁ ရက် ည ၁၁ နာရီခွဲခန့်တွင် အေးသာယာမြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ရဲသီဟဦး (ဘ) ဦးအေးကျော်မောင်းနှင်ပြီး နိုင်ရန်လင်း(ဘ)ဦးတင်ဆန်း စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အမှတ်၊ SHN 7H/-- FOTON အမျိုးအစား မော်တော်ယာဉ်ပေါ်၌ တရားမဝင် တင်ဆောင်လာသည့် Sulphuric Acid (၁၆၀) လီတာခန့်စီပါ ပီပါ ၁၀၀ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း၁၂၈၀)နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ယနေ့နံနက် ၁၁ နာရီခန့်တွင် ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာ အုပ်စု၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်၌ ကလောဘက်မှ သာစည်ဘက်သို့ ကျော်တင်ထူး (ဘ)ဦးကျော်ညွန့်မောင်းနှင်ပြီး စိုးသူရိန်(ဘ)ဦးသန်းဦး စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ 88/1 စာတန်းပါပန်းရောင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၃၀)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

 အဆိုပါ ယာဉ်များ၊ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံး ပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများသို့ စနစ် တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။