ဂျပန်၌ နေ့စဉ်ဗိုင်းရပ်ကူးစက်ခံရသူ လျော့ကျလာ

ဂျပန်နိုင်ငံ၌ သြဂုတ် ၂၄ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၉၅ ဦးရှိသည့်အတွက် နေ့စဉ်ဗိုင်းရပ် ကူးစက်ခံရသူလျော့ကျလာကြောင်း    သိရသည်။

အဆိုပါပမာဏသည် ဇူလိုင် ၈ ရက်နောက်ပိုင်း တစ်ရက်အတွင်း    ဗိုင်းရပ်ကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း  ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

ဓာတ်ခွဲနမူနာ ၂၉၀၀ ဝန်းကျင်မှ ဗိုင်းရပ်ကူးစက်မှု ၉၅ ခုကို တွေ့ရှိခြင်းဖြစ်ပြီး ဗိုင်းရပ်ကူးစက်ခံရသူများအနက် ၆၀ ရာခိုင်နှုန်းမှာ အသက် ၄၀ အောက်များဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ ဗိုင်းရပ်ကူးစက်မှု အများဆုံးဖြစ်သော တိုကျိုမြို့၌ သြဂုတ် ၂၄ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၃၈ ဦးရှိပြီး သြဂုတ် ၂၃ ရက်ထက် တစ်ဦးကျဆင်းလာသည်။

ထို့ပြင် သြဂုတ်လအစောပိုင်းတွင် နေ့စဉ်ဗိုင်းရပ်ကူးစက်ခံရသူ ၄၀၀ ကျော်ရှိရာမှ ယခုကဲ့သို့ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

Ref: The Straits Times