ဘုတ်ပြင်းမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော်  သြဂုတ်  ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သြဂုတ် ၂၄ ရက် နံနက် နာရီခန့်တွင် ထောင်စုံမဟတ် ကျေးရွာအုပ်စု၊ ချောင်းလမိုင်းကျေးရွာ၏ အနောက်မြောက်ဘက် မိုင်ခန့်အကွာ၌ ရပ်တန့်ထားသည့် HINO  အမျိုးအစား လိုင်စင်မဲ့ ၁၀ ဘီးယာဉ်ပေါ်မှ တရားမဝင်သင်္ကန်းအမျိုးအစား သစ်ခွဲသားဆိုဒ်စုံ ၆၂ ချောင်း(ခန့်မှန်း ၁၀ တန်ခန့်)နှင့် Chain Saw   နှစ်လုံးတို့အား   သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်၊ တရားမဝင်သစ်များနှင့် သစ်ထုတ်လုပ်ရာတွင်   အသုံးပြုသည့်   ဆက်စပ်ပစ္စည်း များအား ဘုတ်ပြင်းမြို့နယ်  သစ်တောဦးစီးဌာနသို့   စနစ်တကျ    လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။