ပုသိမ်ကြီးမြို့နယ်၊ အုန်းချောပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများကို စစ်ဆေးဆောင်ရွက်စဉ် ယနေ့နံနက် နာရီခန့်တွင် မူဆယ်-လားရှိုး-မန္တလေးပြေးဆွဲသည့်  POWER-5  ခရီးသည်ယာဉ်လိုင်းမှ ယာဉ်အမှတ်၊ 7K/6432  အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် နော်ဝမ်း()ဦးမောင်သွန်းနှင့် ဇနီးဖြစ်သူ မဘောဖ်လွေ() ဦးဇုံးပေါင်တို့၏ ခြင်းတောင်းအတွင်းမှ 88/1  စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၈၀၀ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ မဟာအောင်မြေမြို့နယ်ရှိ ပြည် ကြီးမျက်ရှင်ကားကွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စောင့်ဆိုင်းစဉ် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွှယ်သူများ ဖြစ်သည့် သန်းစိုး()ဦးတင်အေးနှင့်အောင်ကိုဦး ()ဦးသန်းကိုတို့နှစ်ဦးကို ၎င်းတို့စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် လည်းကောင်း၊ ကျန်ကြည်ချိန်း()ဦးရန်လင်ချောက်ကို (၅၈_၁၂၅)လမ်းထောင့်အနီး၌ လည်းကောင်း အသီးသီးတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ   မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား အုန်းချောနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။