မေတ္တာသင်္ဂဟအဖွဲ့မှ တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ သို့ အဝတ်အထည်နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်  သြဂုတ်  ၂၅

မေတ္တာသင်္ဂဟအဖွဲ့မှ တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ သို့    အဝတ်အထည်နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို   ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ   တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ တွင် ပြုလုပ်သည်။

ဦးစွာ မေတ္တာသင်္ဂဟ အဖွဲ့မှ အကယ်ဒမီ ခန့်စည်သူက လှူဒါန်းရခြင်း အကြောင်းအား ပြောကြားပြီး တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ တပ်မှူးက မေတ္တာသင်္ဂဟ အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် အကယ်ဒမီခန့်စည်သူနှင့် အနုပညာရှင်များက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းကြသည်။

အဆိုပါလှူဒါန်းပွဲတွင်   အကယ်ဒမီ ခန့်စည်သူနှင့် အနုပညာရှင်များက တပ်မတော်ဆေးရုံ ခုတင်-၅ဝဝ တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်  ဆေးဝါးကုသမှု ခံယူနေသူများအား   နံနက်စာ အာဟာရအပြင် ဆေးဝါးကုသမှု ခံယူနေသူများအတွက် ပုဆိုးအထည် ၃၅ဝ၊ ဆပ်ပြာ၃၅ဝ ဘူး၊  သွားတိုက်ဆေးသွားတိုက်တံအစုံ ၃၅ဝ၊  အအေးနှင့်မုန့်၊  ထီလက်မှတ် အစောင် ၇ဝဝ နှင့် မိုးစီးဖိနပ်များ၊ စုစုပေါင်း ငွေကျပ် ၃၇၁ဝဝဝဝ တန်ဖိုးရှိ အာဟာရနှင့် အသုံးအဆောင်ပစ္စည်းများကို   ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။