COVID-19  ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၆

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ပြည်သူ့ဆေးရုံနှင့် ဥတ္တရသီရိ မြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နှင့် မိုးမိတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ သပြေကုန်းတိုက်နယ်ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ ဆောမြို့ပြည်သူ့ဆေးရုံ၊ မကွေး ပြည်သူ့ဆေးရုံကြီး၊ မင်းလှမြို့နယ်နှင့် အောင်လံမြို့နယ်တို့ရှိပြည်သူ့ဆေးရုံများ၊ ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့၊ ဘုရားကြီးမြို့၊ ဥသျှစ်ပင်မြို့တို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။