လားရှိုးမြို့၊ လူငယ်သင်တန်းကျောင်းနှင့် ရှမ်းမိဘမဲ့လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ဆန်၊ ဆီ၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၆
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လားရှိုးလူငယ်သင်တန်းကျောင်းသို့ ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့်အဖွဲ့ဝင်များက သွားရောက်၍ သင်တန်းကျောင်းရှိ ဒေသခံလူငယ်များအတွက် ဆန်၊ ဆီ၊ ပဲ စသည့် စားသောက်ဖွယ်ရာများ၊ ကြက်ဥများနှင့် COVID-19  ရောဂါကာကွယ်ရေးအထောက်အကူပြု နှာခေါင်းစည်းများ၊ ဘောလုံးများကို ပေးအပ်လှူဒါန်းရာ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်စံပယ်က လက်ခံရယူသည်။
    
ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု (ပထမအဆင့်) ရှမ်းမိဘမဲ့လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်ပြီး မိဘမဲ့ကလေး များအတွက် ဆန်၊ ဆီ၊ ပဲ စသည့်စားသောက်ဖွယ်ရာများ၊ ကြက်ဥများနှင့် COVID-19  ရောဂါ ကာကွယ်ရေးအထောက်အကူပြုနှားခေါင်းစည်းများနှင့်ဘောလုံးများကို ပေးအပ်လှူဒါန်းရာ မိဘမဲ့ဂေဟာမှ အတွင်းရေးမှူး ဒေါ်နန်းခင်နှင်းဖြူက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။