COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၇
    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ သြဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံစုစုပေါင်း ၁၁၁ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသ လျက်ရှိသော လူနာစုစုပေါင်းအင်အား ၆၉၀၀ ဦးတို့ကို စုစုပေါင်းငွေကျပ် ၃၅ သိန်းကျော် တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
    
ယနေ့တွင်လည်း  နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ ဥတ္တရသီရိမြို့နယ် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်လန်ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့ ပြည်သူ့ ဆေးရုံနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ကနိတိုက်နယ်ဆေးရုံ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီး တိုက်နယ်ပြည်သူ့ဆေးရုံ၊ မြို့သစ်မြို့တိုက်နယ်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၊ ငဖဲမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့ ပြည်သူ့ဆေးရုံ၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံနှင့် ရွှေကျင်မြို့နယ်၊ ဒုံဇရစ်တိုက်နယ် ပြည်သူ့ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။