ထိုင်းနိုင်ငံ၌ ကျင်းပမည့် WLC ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အားကစားသမားများကို ဆေးစစ်မှုပြုလုပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပမည်ဖြစ်ပြီး ရုပ်သံလိုင်းများမှတစ်ဆင့် ကြည့်ရှုရမည့် WLC  Hideout  Battle ပြိုင်ပွဲ အတွက် သြဂုတ် ၂၇ ရက်မှစ၍ ပြိုင်ပွဲဝင် အားကစားသမားများကို   ဆေးစစ်မှုများ ပြုလုပ်နေကြောင်း WLC မှ သိရသည်။

ယင်းပြိုင်ပွဲတွင်  အမျိုးသမီးဘင်တန် ဝိတ်(၅၁-၅၄ ကီလို) ကမ္ဘာ့ချန်ပီယံလုပွဲ ငါးချီပြိုင်ပွဲ၌ ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်)နှင့်  မိုင်ရှာကက်ဇ်(စပိန်)၊   ဘင်တန်ဝိတ် (၅၁-၅၄ ကီလို) ငါးချီပြိုင်ပွဲ၌ စိုးမင်းအောင် (မြန်မာ)နှင့် အာသာတီ (ဥဇဘက်ကစ္စတန်)၊ မစ်ဒယ်ဝိတ်(၇၁-၇၅ ကီလို) ငါးချီပြိုင်ပွဲ၌ ခရစ္စတော့ဖ်ကက်ရှ်(ဂျာမနီ)နှင့်   ဂလီဂေါ စတိုယာနော့ဗ် (ဆွစ်ဇာလန်)၊  ဘင်တန်ဝိတ်(၅၁-၅၄ ကီလို) ငါးချီပြိုင်ပွဲ၌ စောဖိုးခွား (မြန်မာ)နှင့်  နဘီးလ်အန်နန်  (အယ်လ် ဂျီးရီးယား)၊ လိုက်ဝယ်တာဝိတ်(၆၀-၆၃.၅ ကီလို) ငါးချီပြိုင်ပွဲ၌ နာခါ(မြန်မာ) နှင့် ရှားဇော့ဒ်ကာဘူတော့ဗ် (ကာဂျစ္စတန်)၊ ဝယ်တာဝိတ်(၆၃.၅-၆၇ ကီလို)  ငါးချီ ပြိုင်ပွဲ၌ တော့ဖ်ဖစ်အဗ္ဗဒူလာယက်(ဂျော်ဂျီ ယာ)နှင့် အိုမာမဟီရာ (ဘယ်လ်ဂျီယံ)၊ ဖယ် သာဝိတ်(၅၄-၅၇ ကီလို)ငါးချီပြိုင်ပွဲ၌ နာမို ဟာမက်(ဥဇဘက်ကစ္စတန်)နှင့်  မစ်ဂ်မားဆရန်ဘိုခူး (မွန်ဂိုလီးယား)တို့ အသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး  မြန်မာနိုင်ငံသားသုံးဦး ပါဝင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ဘင်တန်ဝိတ်တန်း အမျိုးသမီး ချန်ပီယံလုပွဲကို ခေါင်ပွဲအဖြစ်ထားရှိပြီး ဒုတိယခေါင်ပွဲကို  စိုးမင်းအောင် နှင့်  အာသာတီတို့  ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ယင်းပြိုင်ပွဲကို  CANAL+ နှင့့် UFC Fight  PASS ရုပ်သံလိုင်းတို့မှ  သြဂုတ် ၂၈ ရက် မြန်မာစံတော်ချိန် ည ၆ နာရီခွဲ တွင်    တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။            

 ဝန်းရံခ