အိန္ဒိယ၌ တစ်ရက်တည်းတွင် ဗိုင်းရပ်ကူးစက်မှု ၇၅၇၆၀ ဖြင့် စံချိန်အသစ်တင်

အိန္ဒိယနိုင်ငံ၌ သြဂုတ် ၂၇ ရက်တစ်ရက်တည်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု ၇၅၇၆၀ ဖြင့် နေ့စဉ်ဗိုင်းရပ်ကူးစက်မှု ပမာဏ   စံချိန်အသစ်တင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် နိုင်ငံအတွင်း၌ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း  ၃ ဒသမ ၃၃  သန်းရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံအတွင်း၌ သြဂုတ် ၂၇ ရက် တစ်ရက်တည်းမှာပင်  သေဆုံးသူ ၁၀၂၃ ဦး ရှိသည့်အတွက် သေဆုံးသူစုစုပေါင်း ၆၀၈၄၈ ဦးအထိ မြင့်တက်လာသည်။

အိန္ဒိယနိုင်ငံ၌   နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုသည်  မြို့ကြီးများမှတစ်ဆင့်  ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းသော ကျေးလက်ဒေသများသို့  ပြောင်းလဲကူးစက် လာနေသည့်အတွက် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် ဗိုင်းရပ်၏  မျိုးရိုးဗီဇ ပြောင်းလဲလာမှုသည်လည်း  ဗိုင်းရပ်ကူးစက်မှုကို ပိုမိုလျင်မြန်စေကြောင်း သိရသည်။

ထို့ကြောင့်   အိန္ဒိယနိုင်ငံသည်   တစ်ကမ္ဘာလုံး၌ ဗိုင်းရပ်ကူးစက်မှု အမြန်ဆုံးသော နိုင်ငံဖြစ်လာပြီး ဗိုင်းရပ်စစ်ဆေးမှု များကို   တိုးမြှင့်လုပ်ဆောင်ခြင်း ကြောင့်လည်း ဗိုင်းရပ်ကူးစက်ခံရသူ အများအပြားကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။      

Ref: The Straits Times