မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့၊ စကားတောင်ရပ်ကွက်ရှိ ကုက္ကိုပင်လဲကျပျက်စီး ခဲ့သည့်နေအိမ်များမှ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၈
    
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း သြဂုတ် ၂၇ ရက်ညနေပိုင်းတွင် မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့၊ စကားတောင်ရပ်ကွက်ရှိ ကုက္ကိုပင်ပင်တစ်ပင်လဲပြိုကျခဲ့ ပြီး ရပ်ကွက်အတွင်းရှိ နေအိမ် ၅ လုံးပေါ်သို့ သစ်ကိုင်းများပိ၍ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ သစ်ပင်လဲကျပြီးပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ပြည်တပ်နယ်မှ တပ်မတော်သားများက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အပျက်အစီးများနှင့်သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ကယ်ဆယ်ရေးယာဉ် ၂ စီးဖြင့် ပစ္စည်းများသယ်ယူပို့ဆောင်ပေးခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင်ပေးခြင်း စသည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို ပြည်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး နေအိမ်ပျက်စီး မှုဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စု ၅ စုအတွက် ဆန် ၅ အိတ်၊ ဆီ ၂၅ ပိဿာ၊ ကြက်ဥ ၇၅၀ လုံးနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။