ကော့သောင်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင် အတွင်း၌ စည်းပျက်ကမ်းနီး ငါးဖမ်းလှေ နှစ်စင်း ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် သြဂုတ် ၂၈ ရက် နံနက် ၈ နာရီ ခွဲခန့်တွင် တောင်တော်ဝင်ကျွန်း၏တောင် ဘက် ရေမိုင် ၄ မိုင်ခန့်အကွာ၌ အလျား ပေ ၄ဝ၊ အနံ ၉ ပေ၊ ရေစူး ၄ ပေခန့်ရှိ အမည်မရှိ စည်းပျက်ကမ်းနီးငါးဖမ်းလှေ တစ်စင်းပေါ်မှ ဦးမြင့်ဇော်(ဘ)ဦးကျော်မြင့် အပါအဝင် အမျိုးသားငါးဦးအားလည်းကောင်း၊ နံနက် ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် အဆိုပါ ကျွန်း၏အနောက်တောင်ဘက် ၄ ဒသမ ၈ မိုင်ခန့်အကွာ၌ အလျား ပေ ၄ဝ၊ အနံ ၈ ပေ၊ ရေစူး ၄ ပေခန့် အမည်မရှိ စည်းပျက် ကမ်းနီးငါးဖမ်းလှေတစ်စင်းပေါ်မှ ဦးထွန်း အောင်ကျော်(ဘ)ဦးစံလှုှိုင်အပါအဝင် အမျိုး သားလေးဦးတို့အားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများနှင့်လှေများအား ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။