လီဗာပူးအသင်းအိမ်ကွင်းသို့ ပြိုင်ဘက်အသင်းနည်းပြအဖြစ် ဂန္ထဝင်ကစားသမားဂျရတ် ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိမည်

လီဗာပူး၊ ဘောလုံး

လီဗာပူးအသင်းဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် နည်းပြဂျရတ်သည် အသင်းဟောင်းဖြစ်သော လီဗာပူး အသင်းအိမ်ကွင်းသို့ ပြိုင်ဘက်အသင်းနည်းပြအဖြစ် တစ်ကျော့ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။

နည်းပြဂျရတ်သည် ကစားသမားဘဝမှ အနားယူခဲ့ ပြီးနောက် ၂၀၁၈ ခုနှစ်က နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့ကာ  စကော့ တလန်ကလပ် ရိန်းဂျားအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပထမဘောလုံး ရာသီတွင် အဆင့်(၂)နေရာ၌သာ ရပ်တည်နိုင်ခဲ့သော် လည်း ပြီးခဲ့သည့်ဘောလုံးရာသီက ဆယ်စုနှစ်တစ်ခု ကျော်ကြာဝေးကွာနေသည့် စကော့တလန်ပရီးမီးယား လိဂ်ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးပေးနိုင်ခဲ့သည်။

ယခုအခါ နိုင်ငံတကာပွဲစဉ်များပြီးလျှင် ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ရိန်းဂျားအသင်းတို့ကစားရန်  ဆွေးနွေးမှု များပြုလုပ်ခဲ့ရာတွင် သဘောတူညီမှုရရှိခဲ့သည့်အတွက် နည်းပြဂျရတ်သည် အသင်းဟောင်း လီဗာပူးအသင်း၏အိမ်ကွင်းဖြစ်သည့် အန်ဖီးလ်ကွင်းသို့    ရိန်းဂျားအသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

လီဗာပူးအသင်းနှင့် ရိန်းဂျားအသင်းတို့သည်ခြေစမ်း ပွဲစဉ်ကစားရန် သဘောတူညီမှုရရှိခဲ့သော်လည်း COVID- 19 ရောဂါအခြေအနေ များကို စောင့်ကြည့် မည်ဖြစ်ပြီး ဇူလိုင်လအတွင်း လီဗာပူးအသင်း၏ အိမ် ကွင်းဖြစ်သည့်  အန်ဖီးလ်ကွင်း၌ကစားမည်ဖြစ်သော် လည်း  ကစားရမည့်ရက်ကို  ထပ်မံရွေးချယ်မည်ဖြစ် ကြောင်း သိရသည်။                   

Ref;Mirror