ရေစကြိုမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၃၀

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက ရေစကြိုမြို့၊ နယ်မြေခံတပ်ရှိ ရန်အောင်မြင်ခန်းမနှင့် ပခုက္ကူမြို့၊ ရဲတံခွန်တပ်နယ်ခန်းမတို့၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန် ၇၂၀ ပြည်၊ ဆီ ၅၀ ပိဿာ၊ ပဲ ၇၀ ပိဿာ၊ ကြက်ဥ ၆၀၀ လုံးနှင့် COVID-19  ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းဖြစ်သည့် နှာခေါင်းစည်း Mask  ၇၀၀ ခုတို့ကို ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြ ကြောင်း သတင်းရရှိသည်။