ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်းမည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို ဇွန် ၂၄ ရက်အစား ၂၇ ရက်တွင် ပျံသန်းမည်

မြန်မာ   အမျိုးသားလေကြောင်းလိုင်း (MNA)က ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့  (၁၅) ကြိမ်မြောက်  ကယ်ဆယ်ရေး လေယာဉ် (Relief  Flight) ခရီးစဉ်အဖြစ် ဇွန် ၂၄ ရက်အစား ၂၇ ရက်တွင် မနီလာမြို့မှ ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်းမည် ဖြစ်ကြောင်း မြန်မာသံရုံး (မနီလာမြို့) မှ သိရသည်။

အဆိုပါ Relief  Flight ခရီးစဉ်တွင် မြန်မာသင်္ဘောသားခြောက်ဦး၊ နိုင်ငံခြား သားကျွမ်းကျင်ပညာရှင်လေးဦးနှင့် တခြား မြန်မာနိုင်ငံသား ၁၄၂ ဦး စုစုပေါင်း ၁၅၂ ဦး လိုက်ပါခွင့်ရရှိမည်ဖြစ်ပြီး ခရီးသည်များ အနေဖြင့် Myanmar National Airlines၏ Website www.flymna.com နှင့် လေယာဉ်လက်မှတ်အရောင်းဌာနများ၌ ဇွန် ၁၇ ရက် မွန်းတည့် ၁၂ နာရီနောက် ဆုံးထား၍ တိုက်ရိုက်ဆက်သွယ်ဝယ်ယူရ မည်ဖြစ်သည်။

လေယာဉ်လက်မှတ်ခနှုန်းထားအနေဖြင့် အမေရိကန်ဒေါ်လာ ၃၂၀ ကျသင့်မည်ဖြစ် ပြီး အလေးချိန် ကီလို ၃၀ နှင့်  Hand Carry အလေးချိန် ၇ ကီလို (only one piece)  ရရှိမည်ဖြစ်သည်။ ဇွန် ၁၇  ရက် အထိ လက်မှတ်ဝယ်ယူခြင်းမရှိပါက ထပ်မံ စောင့်ဆိုင်းနေသည့် ခရီးသည်များအတွက် အစားထိုးစီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး လေယာဉ်ထွက်ခွာမည့် Terminal  ကို  ထပ်မံကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

လိုက်ပါမည့်သူများအနေဖြင့်  ခရီးစဉ်ထွက်ခွာမည့်ရက်တွင်  ဖိလစ်ပိုင်နိုင်ငံ၏ Immigration  ဆိုင်ရာ အခက်အခဲမဖြစ် ပေါ်စေရေးအတွက် ECC  ဆိုင်ရာကိစ္စရပ်များ၊ Visa Down Grading ဆိုင်ရာကိစ္စရပ်များကို ကြိုတင်ဆောင်ရွက် ထားရမည် ဖြစ်ကြောင်း၊ လိုက်ပါမည့်ခရီးသည်အားလုံး သက်ဆိုင်ရာ   အသိအမှတ်ပြုဆရာဝန်၏ ခရီးသွားလာရေး အတွက်     ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးစစ်ချက် (Fit to Fly) Medical Certificate ကို မပျက် မကွက် တင်ပြရမည် ဖြစ်ကြောင်း     သိရသည်။                     

ခင်မောင်တင်