မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ်  အကြိုအဖြစ် ဇွန် ၁၆ ရက် နံနက် ၁၀ နာရီတွင် အခြေခံ ပညာအလယ်တန်းကျောင်း  (မြို့မ)သို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူ များကို မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ရှေးဦးစွာ    မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ဃဥဠှီု-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး   အသိပညာပေး အကြောင်းအရာများ ရှင်းလင်းပြောကြား ပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အားလပ်ချိန်များတွင် မိမိအတွက် ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများ လေ့လာဖတ်ရှု မှတ်သားကြရန် ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ ရုပ်သံကျွမ်းကျင် (၃) ဒေါ်မိုင်စန်းသီတာဌေးက    မူးယစ်အစ ဆေးလိပ်ကနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း၊ အငယ်တန်းစာရေး ဒေါ်ဇင်ဇင်မင်းမောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာထိခိုက်မှုများ၊    မူးယစ်ဆေးဝါးဆိုးကျိုးများ၊   မူးယစ်ဥပဒေများ အကြောင်းတို့ကို အသီးသီး ဟောပြောကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက  မူးယစ်ဆေးဝါးအန္တရာယ်၊  ကွမ်း၊   ဆေးလိပ်အန္တရာယ်အကြောင်း    အသိ ပညာပေးနံရံကပ် စာစောင်များကို  လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။