သီတဂူဂန္ဓာရစေတီတော်၌ အသီတိသာဝက ရှစ်ကျိပ်ဆင်းတုတော်အဆူ  ၈၀ ထားရှိပူဇော်မည်

စစ်ကိုင်းတောင်ရိုး သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာအကယ်ဒမီတွင် တည်ထားကိုးကွယ်တော်မူသော  သီတဂူမော်ကွန်းတင်  ဂန္ဓာရစေတီတော်၌ ပူဇော်ထားရှိမည့် အသီတိသာဝက ရှစ်ကျိပ်ဆင်းတုတော်များ ဇွန်ပထမပတ်မှစတင်၍   မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်တွင် သွန်းလုပ် လျက်ရှိသည်။  တစ်ဆူလျှင် ငွေကျပ် ၁၅ သိန်းဖြင့် အလှူရှင်များက ပူဇော်ကြပြီး အဆူ ၈၀ အတွက် မည်သူမဆို ပါဝင်ပူဇော်နိုင်ကြောင်း သိရသည်။

သီတဂူမော်ကွန်းတင်   ဂန္ဓာရစေတီတော်သည် အေဒီ ရာစု အာဖဂန်နစ္စတန်နိုင်ငံရှိ တောဒရစေတီ ပုံစံတည်ထားပြီး နှစ်ကျိပ်ရှစ်ဆူနိုင်ငံစုံမှ ဆင်းတုတော်များ၊  မုဒြာကြေးသွန်းဆင်းတုတော် လေးဆူထားရှိ ပူဇော်ထားသည်။ သီတဂူဆရာတော်ကြီး သက်တော်၈၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် သီတဂူမော်ကွန်းတင်ဂန္ဓာရစေတီတော်အား ထီးတော်တင်လှူပူဇော်ထားကြောင်း သိရသည်။                 

မောင်ပြည်သူ(မန္တလေး)