အမေရိကန်အနောက်တောင်ပိုင်း၌ အပူလှိုင်းဖြတ်မှု ဆက်လက်ဖြစ်ပွားနေ

အမေရိကန်နိုင်ငံအနောက်တောင်ပိုင်း၌ ၃ ရက်ကြာ မြင့်နေပြီဖြစ်သည့် အပူလှိုင်းဖြတ်မှုသည် ဆက်လက်ဖြစ်ပွား နေကြောင်းနှင့် ဇွန် ၁၇ ရက်တွင် အိုင်အိုဝါနှင့် မစ်ဆူရီပြည်နယ်တို့အထိ ပျံ့နှံ့သွားကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရီဇိုးနား၊ နဗားဒါးပြည်နယ်တောင်ပိုင်း၊ ကယ်လီဖိုးနီးယားပြည်နယ်နှင့် ယူထာပြည်နယ်တောင်ပိုင်းတို့၌ အပူချိန်လွန်ကဲမည် ဖြစ်ကြောင်း မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

နိုင်ငံအနောက်တောင်ပိုင်း ဒေသသည် ဇွန်လနှင့်စက်တင်ဘာလအတွင်း ပုံမှန်အားဖြင့်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိပြီး ယခုအခါ ပျမ်းမျှအပူချိန်ထက် ၁၀ ဒီဂရီဖာရင်ဟိုက်မှ  ၂၀ ဒီဂရီဖာရင်ဟိုက်အထိမြင့်တက်နေကြောင်း မိုးလေဝသပညာရှင် ဘော့အိုရာဗက်က ပြောသည်။

ယူထာပြည်နယ်ရှိ ဆော့လိတ်မြို့သည် အပူချိန်ကိုစတင်မှတ်တမ်းတင်သည့် ၁၈၉၄ ခုနှစ်မှစ၍ စံချိန်တင်အပူချိန်ဖြစ်သည့် ၄၂ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိနေသည်။

အလားတူ ဖီးနစ်မြို့နှင့်လက်စဗီဂက်မြို့တို့တွင် အပူချိန်မှာ ၄၇ နှင့် ၄၅ ဒီဂရီစင်တီဂရိတ်စီ အသီးသီးရှိကြောင်းနှင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ    ကမ္ဘာ့အပူဆုံးနေရာဖြစ်သော သေမင်းတမန်တောင်ကြားလမ်းတွင် အပူချိန်   ၅၄ ဒီဂရီစင်တီဂရိတ် အထိရှိကြောင်း သိရသည်။   

Ref: TST