ရီဂျင်နရွန်ကုမ္ပဏီထုတ် ပေါင်းစပ်ပဋိပစ္စည်းက ကိုဗစ်-၁၉ လူနာများ၏ အသက်ကို ကယ်တင်နိုင်

ရီဂျင်နရွန်ကုမ္ပဏီထုတ်  ပေါင်းစပ်ပဋိပစ္စည်းသည် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော   ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူလူနာများ၏ အသက်ကို ကယ်တင်နိုင်ကြောင်း သိရသည်။

အောက်စဖို့တက္ကသိုလ်မှ သုတေသီများက ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်လူနာများအတွက်  အသက်ကယ်နိုင်မည့် နည်းလမ်းများကို    လေ့လာသုတေသနပြုရာမှ ရီဂျင်နရွန်ကုမ္ပဏီထုတ်ပေါင်းစပ်ပဋိပစ္စည်းကို တွေ့ရှိခြင်း ဖြစ်သည်။

အသုံးပြုထားသော ပဋိပစ္စည်းများမှာ မိုနိုကလိုနယ် ပဋိပစ္စည်းနှစ်မျိုးဖြစ်ပြီး   အထူးသဖြင့် အဆိုပါပေါင်းစပ်ပဋိပစ္စည်းက ကိုဗစ်-၁၉ ရောဂါပိုးရှိ စပိုက်ပရိုတိန်း၏ တစ်ဖက်တစ်ချက်စီတွင် တွယ်ကပ်ခြင်းကြောင့် ရောဂါပိုးအနေဖြင့်  ကလာပ်စည်းများသို့ ကူးစက်နိုင်စွမ်းကို ယုတ်လျော့စေခြင်းဖြစ်သည်။

ထိုပေါင်းစပ်ပဋိပစ္စည်းကို ဆေးရုံမတက်ရသော လူနာများတွင် စမ်းသပ်ရာ အဆိုပါ လူနာများရှိ    ရောဂါပိုး အရေအတွက်ကို လျှော့ချပေးနိုင်သည့်အပြင် ခံစားနေရသည့် ရောဂါလက္ခဏာကိုအမြန်ဆုံးသက်သာစေကာ အထူးသဖြင့် ဆေးရုံတက်ရနိုင်ခြေနှင့် သေဆုံးနိုင်ခြေတို့ကို လျှော့ချပေးနိုင်ကြောင်း တွေ့ရသည်။ ဆေးရုံတက်ရသူများနှင့် စမ်းသပ်မှု

ကိုမူ ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ်မေလအတွင်းလုပ်ဆောင်ခဲ့ရာ လူနာ ၉၇၈၅ ဦးပါဝင်ပြီး  အဓိကအားဖြင့်   သဘာဝအလျောက်တုံ့ပြန် ပဋိပစ္စည်းထွက်ရှိခြင်း မရှိသည့် လူနာများဖြင့် ကနဦးစမ်းသပ်ခြင်း ဖြစ်သည်။

ထိုသို့စမ်းသပ်ရာတွင်   ပေါင်းစပ်ပဋိပစ္စည်းဖြင့်   ကုသမှုမခံယူသူလူနာများနှင့် နှိုင်းယှဉ်ပါက လူနာများ၏သေဆုံးနိုင်ခြေ

ကို ၅ ပုံ ၁ ပုံ လျှော့ချပေးနိုင်ကြောင်း၊ ဆေးရုံတက်ရသည့် ကြာမြင့်ချိန်ကို ၄ ရက်လျော့နည်းစေကြောင်းနှင့်  အသက်ရှူကိရိယာ လိုအပ်မှုမှာလည်း လျော့ကျသွားကြောင်း သိရသည်။                 

Ref: CNBC