ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၃၀၁ ဦးထပ်တိုး

နေပြည်တော်  ဇွန်  ၁၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍  သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၃၀၁ ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိကြောင်း သိရသည်။

(၁၇--၂၀၂၁)ရက် နာရီမှ (၁၈--၂၀၂၁)ရက်  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၄၄၄၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်  ၃၀၁  ဦးတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၆၆၄၂၇  ခုအား  စစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း  ၁၄၇၀၆၉  ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၀၆ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၃၄၅၂ ဦး ဆေးရုံမှ  ဆင်းခွင့်ရရှိပြီးဖြစ်သည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ တစ်ဦးရှိသဖြင့် ယနေ့အထိသေဆုံးသူ စုစုပေါင်း ၃၂၅၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။