နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း လာမှုများကို အဖွဲ့ဝင် ဗိုလ်ကြီးဒေါ်အေးသဇင်မြင့်က အောက်ပါအတိုင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်-

မေး။    ပဲခူးတိုင်းဒေသကြီး၊   သနပ်ပင်မြို့နယ်၊ ကျူချောင်းကျေးရွာ အလယ်တန်းကျောင်းသူ ဦးကို တပ်မတော်သား အချို့က မုဒိမ်းကျင့်လို့ ကျောင်းတွင် သေဆုံးသွားတယ်လို့ Social Media Facebook စာမျက်နှာပေါ်မှာ   ပျံ့နှံ့နေတာတွေ့နေရပါတယ်။ အဲ့သတင်းနဲ့ပတ်သက်ပြီး   အခြေအနေမှန်ကို သိလိုပါတယ်။

ဖြေ။     ပဲခူးတိုင်းဒေသကြီး၊   သနပ်ပင်မြို့နယ်၊ ကျူချောင်းကျေးရွာနေ  အလယ်တန်းကျောင်းသူ ဦး  တပ်မတော်သားအချို့က  မုဒိမ်းကျင့်လို့ သေဆုံးတယ်ဆိုပြီး   လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်တမ်းတရား ရေးသားနေတာ တွေ့ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့လည်း သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒီဇွန်လ  ၁၄ ရက်နေ့ နံနက် နာရီကျော်မှာ မစုမယ်ဆန်း(၁၂)နှစ်နဲ့ မသဇင်ခိုင်(၁၂)နှစ်တို့ ဦးဟာ စာသင်ခန်းအတွင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ  လဲကျသွားတယ်။ လဲကျသွားတာကို ကျောင်းသား ဦးကမြင်ပြီးတော့ ကျောင်းအုပ်ဆရာမကြီးထံ သွားပြောတယ်။ ကျောင်းအုပ်ဆရာမကြီးသွားပြီး ကြည့်တဲ့အချိန်မှာ မသဇင်ခိုင်က စာသင်ခန်းအတွင်း စာရေးစားပွဲဘေးမှာလဲကျနေပြီးတော့ မစုမယ်ဆန်းကတော့  နံရံမှီလျက် အနေအထားဖြင့် လဲကျနေတာကို တွေ့ရတယ်။ ထူးခြားတာက သူတို့ ဦး ပါးစပ်မှာ အမြှုပ်အနည်းငယ် ထွက်နေတာကို တွေ့ရတယ်။ ကျောင်းအုပ်ဆရာမကြီးနဲ့    သားဖွားဆရာမတို့က သနပ်ပင်မြို့၊ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့်

နံနက်  နာရီ ၂၀ မိနစ်မှာ ဒီကျောင်းသူ ဦးဟာ သေဆုံးသွားခဲ့ပါတယ်။ ဒီကျောင်းသူ ဦး   သေဆုံးမှုနဲ့ပတ်သက်ပြီး ဆေးရုံကြီးမှုခင်းဆရာဝန်ရဲ့ ရင်ခွဲစစ်ဆေးချက်များအရ အစာအဆိပ်သင့်သေဆုံးကြောင်း ကနဦးသိရှိရပြီးတော့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ထူးခြားမှုရှိရင် ဆက်လက် ထုတ်ပြန်ပေးပါမယ်။

မေး။    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် မိသားစုများအား လုံခြုံရေးအပြည့်အဝ ရရှိစေရန် တပ်တွင်းမိသားစုဝင်များနှင့် သွားရောက်ပူးပေါင်းကာ နေထိုင်သင့်ပြီဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေမှလွဲ၍    သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရဘဲ တပ်ပြင်သို့ထွက်ခြင်း မပြုလုပ်ကြရန် မြဝတီရုပ်မြင်သံကြားမှ  သတိပေးကြေညာချက်ထုတ်ပြန်ထားသည့် သတင်းအမှန်ကို ဖြေကြားပေးစေလိုပါတယ်။

ဖြေ။     သတင်းကြေညာချက် ထုတ်ပြန်မှုမရှိပါ။ လုပ်ကြံသတင်းဖြစ်ပြီး ဒီသတင်းဓာတ်ပုံဟာလည်း အခြားသတင်း ကြေညာမှုကို   ဖြတ်ညှပ်ကပ်လုပ်ပြီး သတင်းမှားဖြန့်ချိနေတာဖြစ်ပါတယ်။