ဥတ္တရခရိုင် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က  ဇွန် ၁၇ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်က တပ်ကုန်းမြို့နယ် အတွင်းရှိ ညောင်လွန့်စစ်ဆေးရေးဂိတ်၊ ကြို့ပင်သာစစ်ဆေးရေးဂိတ်၊ ၁၀၉ စစ်ဆေးရေးဂိတ်၊ ကင်းသာစစ်ဆေးရေးဂိတ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ  ပန်းတင်စစ်ဆေးရေးဂိတ်တို့အား  ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် လက်ရှိတွင်  ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည်ကို တွေ့ရှိရသည့်အတွက် နေပြည်တော်အတွင်း ပြင်ပမှဝင်ရောက်လာသူများကို  ကိုဗစ်- ၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊           မြို့အဝင်စစ်ဆေးရေးဂိတ်များ စနစ်တကျ ဖွင့်လှစ်ဆောင်ရွက်ရန်အတွက်   လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့်  ျှကမေညေအငညန ဃနညအမန များသို့ ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိရန် ရှင်းလင်းမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စီမံဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြောင်း သိရသည်။