မိုင်းဆတ်မြို့ သဗ္ဗညုဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ သာသနိကပရဝုဏ် အတွင်း၊ အပြင် သန့်ရှင်းသာယာရေး အတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၉

   

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ သဗ္ဗညုဆုတောင်းပြည့်စေတီတော် မြတ်ကြီး၏ သာသနိကပရဝုဏ် အတွင်း၊ အပြင် သန့်ရှင်းသာယာရေးအတွက် ယနေ့ နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သာသနိကပရဝုဏ်အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

   

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။