ဝိုင်းမော်မြို့နယ်ရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်   သြဂုတ်   ၃၀

ကချင်ပြည်နယ်၊   ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ၁၃ ကီလိုမီတာပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် သြဂုတ် ၂၉ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ဆဒုံးမြို့ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ ဇော်ရာ(ဘ) ဦးဘရန်အောင် မောင်းနှင်ပြီး ထန်လီ(ဘ) ဦးဇော်ခါးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ဘိန်းစိမ်း ၅၁၅၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၇၀ ကျော်)နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူများအား ဝိုင်းမော်မြို့နယ် ရဲစခန်းသို့   စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။