ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင် အတွင်း၌ စည်းပျက်ငါးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိ

နေပြည်တော်   သြဂုတ်   ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၉ ရက် ည ၆ နာရီ ၅၅ မိနစ်ခန့်တွင် သမီးလှကျွန်း၏ အရှေ့တောင်ဘက်ရေမိုင် ၄ မိုင်ခွဲခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ်လှေတစ်စင်း တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ နေမာအမည်ရှိ စည်းပျက်

ငါးဖမ်းလှေနှင့်  အမျိုးသားခုနစ်ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများနှင့် လှေအားမြိတ်မြို့၊ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။