တရုတ်နိုင်ငံ၌ ထိုးပေးပြီးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးပေါင်း ၁ ဘီလီယံကျော်ရှိပြီဖြစ်

တရုတ်နိုင်ငံ၌ထိုးပေးပြီးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးပေါင်း၁ ဘီလီယံကျော်   ရှိပြီဖြစ်ကြောင်းနှင့်   ထိုအရေအတွက်သည်    ကမ္ဘာတစ်ဝန်း၌ ထိုးနှံပြီးသည့်   ကာကွယ်ဆေးစုစုပေါင်း၏ သုံးပုံ တစ်ပုံကျော်ရှိကြောင်း  အစိုးရကဇွန် ၂၀ရက်တွင် ကြေညာသည်။

ဇွန် ၁၉ ရက်အထိ   ထိုးပေးပြီးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးပေါင်း ၁ ဒသမ ၀၁ ဘီလီယံရှိကာ ၎င်းတို့အနက်သန်း ၁၀၀ ခန့်ကို ပြီးခဲ့သည့် ငါးရက်တွင် ထိုးပေးထားခြင်း ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောသည်။

ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသည့် လူအရေအတွက်မည်မျှရှိသည်ကို   မသိရသေးသော်လည်း ပေကျင်းမြို့ရှိ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ကြောင်း တရားဝင် စာရင်းဇယားများအရ သိရသည်။

သို့သော် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုနှုန်းတွင် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပနိုင်ငံအချို့ နောက်တွင် ကျန်ရှိနေဆဲဖြစ်ပြီး ထိုနိုင်ငံများ၌ကာကွယ်ဆေးထိုးနှံမှုနှုန်းမှာ နိုင်ငံအတွင်းရှိ လူဦးရေထက်ဝက် ကျော်နေပြီဖြစ်ကြောင်း သိရသည်။

Ref: TST