လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် - ၂၁

   

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများ က ၎င်းတို့၏ သဘောဆန္ဒအလျောက် လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား အုပ်ချုပ်ရေး တာဝန်ရှိသူများ မှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ လက်လုပ်သေနတ် ၁၈ လက်၊ ဒူးလေး ၄ လက်နှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ တူမီးသေနတ် ၅ လက်နှင့် နှစ်လုံးပြူးသေနတ် ၁ လက်တို့အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

   

ထိုကဲ့သို့ ပြည်သူလူထုက လာရောက်အပ်နှံသော လက်လုပ်သေနတ်များနှင့် ဆက်စပ် ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး စနစ်တကျသိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။