ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ် လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီး၌  ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၃၁

COVID-19 ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ  ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ နွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်း အဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာ၊ တစ်ကမ္ဘာလုံး အေးမြချမ်းသာ ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်၊ ဟံသာဝတီ ဘုန်းတော်ကြီးကျောင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ တောင်ကြားရွာဦး ဘုန်းတော်ကြီး ကျောင်း၊ ဘုရားကြီးမြို့၊ ဝင်္ဂဘော်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ ရွှေတံခါး ရပ်ကွက်၊ ဇောတိက ရွှေညောင်ပင် ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့အပြင် COVID-19  ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေး အထောက်အကူ ဖြစ်စေရန် အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ် ဆောင်ရွက် ပေးလျက်ရှိသည်။

ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ် မြို့၊ ပင်လောင်းမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယား ပြည်နယ်၊ လွိုင်ကော်မြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ တိုက်ကြီး မြို့နယ်၊ သန်လျင်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ပေါင်းတလည်မြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေ များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာ ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19  ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာပေး ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက် ဖွယ်ရာများ၊ ရေမလို လက်သန့် ဆေးရည်များ၊ Maskများ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေ ပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။