အမ်းမြို့နယ် အတွင်း ဘင်္ဂါလီ ၁၁ ဦး ဖမ်းဆီး ရမိ

နေပြည်တော် ၊ သြဂုတ် - ၃၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ထန်းချောင်း ကျေးရွာအနီး အမ်း-မအီသွား ကားလမ်း၌ မသင်္ကာဖွယ် ဘင်္ဂါလီများ တွေ့ရှိကြောင်း သတင်းအရ သြဂုတ် ၂၉ ရက် ညနေ ၅ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ စစ်တွေမြို့နယ်၊ ဒုံးပြင် ကျေးရွာနေ အဏ္ဏဝါဆာဒေ့ (ဘ) အဒူမာလိတ်နှင့် မာမောက်အာယော့ဒ်(ဘ)တို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အလားတူ သြဂုတ် ၃၀ ရက် ညနေ ၃ နာရီခန့်တွင် အမ်းမြို့နယ်၊ စခန်းမော် ကျေးရွာအုပ်စု၊ အိုးပုံကျေးရွာ အနီး၌ ရာဟာမောက်ဒူလာ(ဘ)နူရာမောက် အပါအဝင် ဘင်္ဂါလီလူမျိူး ၅ ဦးကိုလည်းကောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် ထန်းချောင်းကျေးရွာ အနီး၌ မိုဟာမွတ်ရှော်ဖီ(ဘ) အဒူခါလိတ် အပါအဝင် ၄ ဦးကိုလည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။