ရခိုင်ပြည်နယ်အတွင်း COVID-19  ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် မူဆယ် စီးပွားရေး လုပ်ငန်းရှင်များ အသင်းက နှာခေါင်းစည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၃၁

ရခိုင်ပြည်နယ်အတွင်း COVID-19  ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့စီးပွားရေး လုပ်ငန်းရှင်များ အသင်းက နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခိုင်ကျော်ကျော်လတ်နှင့် အလှူရှင်တစ်ဦးက COVID-19  ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း ၁၀၀၀၀၀ ခုကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။