ပုဗ္ဗသီရိမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် -

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက  နဝဒေးရပ်ကွက် စစ်မှုထမ်းဟောင်းရုံး၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက်  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ဆက်တီကုလားထိုင် တစ်စုံအား ပေးအပ်ရာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ ကိုယ်စား နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။