တရားမဝင်ကုန်သွယ်မှုများ တားဆီးနိုင်ရေး ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်စန်မြို့အမှတ်(၄)ရပ်ကွက် တောင်ကြီး-နမ့်စန်ပြည်ထောင်စု လမ်းမကြီးပေါ်၌  သြဂုတ်၃၁ ရက် နံနက်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်ဦးစီး ပူးပေါင်းအဖွဲ့ဖြင့်တရားမဝင် ကုန်သွယ်မှုများ တားဆီးနိုင်ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် နမ့်စန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင် ဦးစီးအဖွဲ့၊ အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာသိမ့်၊ မြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ်မျိုးမင်းအောင်၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်များအား တရားမဝင် ကုန်သွယ်မှုများ ဖြစ်သည့် သစ်နှင့် သစ်တောထွက် ပစ္စည်းများ၊ ကျွဲနွားများ၊ ကျောက်မျက်ရတနာနှင့် အခြားအကောက်ခွန်မဲ့ ပစ္စည်းများ တရားမဝင် ကုန်သွယ်မှု တားဆီးနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးခြင်းများ  ဆောင်ရွက်ကြကြောင်း သိရသည်။