တရုတ်ယွမ် ငွေလဲနှုန်းများ ကျဆင်းခြင်းကြောင့် မူဆယ်သို့ ဆန်တင်ပို့မှု လျော့ကျ

မူဆယ်၊ ကုန်သွယ်ရေး

တရုတ်ယွမ် ငွေလဲနှုန်းများကျဆင်းခြင်း ကြောင့်  မူဆယ်သို့  ဆန်တင်ပို့မှု  သုံးပုံ တစ်ပုံခန့် လျော့ကျလျက် ရှိကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်း၏ ပြောကြားချက်အရ သိရသည်။

''အခုတရုတ်ယွမ်ဈေးတွေကကျတော့ ပုံမှန်ထက်စာရင်  အရောင်းအဝယ်နည်း နည်းအေးသွားတယ်။  တင်ပို့မှု ကလည်း ပြီးခဲ့တဲ့ ၁ဝ ရက်ကထက်စာရင် အိတ်ရေ တစ်သောင်းလောက် လျော့ကျသွားတယ်။ ဆန်ကားတွေ    တရုတ်ကို ဝင်မယ်ဆိုရင် တန်းစီနေရတဲ့အခက်အခဲတော့ ရှိသေးတယ်'' ဟု ဦးမင်းသိန်းကပြောသည်။

ယခင်က ငွေကျပ် ၁ဝဝဝ လျှင် တရုတ် ယွမ်  ၅ ဒသမ ၁ ယွမ်ရှိရာမှ   လတ် တလောတွင်  ၅  ဒသမ  ၅  ယွမ်အထိ ကျဆင်း ခဲ့ပြီး သြဂုတ် ၃၁ ရက်တွင် ဆန်ကွဲ တစ်အိတ်လျှင် ယွမ် ၁၂ဝ၊ သုခနှင့် ငစိန် တစ်အိတ်လျှင်  ယွမ် ၁၃ဝ အထိ ဈေးနှုန်း ရှိနေကြောင်း သိရသည်။

''ဆန်သစ်တွ ေပေါ်လာမှပဲ အရောင်း အဝယ်ပြန်ကောင်း နိုင်တော့မယ်။ ဆန်သစ်တွေ  ပေါ်လာပြီဆိုရင်တော့  ဈေးလည်း ကျလာနိုင်တယ်။ စက်တင်ဘာ တစ်လလုံး  ဒီလိုပဲ အေးနေဦးမှာပါ။ အောက်တိုဘာလ ဆန်းလောက် မှပဲ အရောင်းအဝယ်ပြန် ကောင်းနိုင်မယ်'' ဟု ဦးမင်းသိန်းကပြော သည်။

လတ်တလောတွင်    တရုတ်နိုင်ငံသို့  တရားဝင်တင်ပို့ခွင့်ရရှိထားသည့်  ကုမ္ပဏီ  ၄၃  ခုရှိပြီး  စာရွက်စာတမ်း စုံလင်သည့် ကုမ္ပဏီ ၁ဝ ခုဝန်းကျင်မှ တင်ပို့နေခြင်းဖြစ် ကြောင်း သိရသည်။

သြဂုတ် ၂၅  ရက်မှစ၍ တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်မှမြန်မာနိုင်ငံသားပိုင်  ဂိတ်  ၁ဝဝ ကျော်ကို  ၁ဝရက် အတွင်း လိုင်စင်သက်တမ်း တိုးရမည်ဖြစ်ရာ အနည်းဆုံး တရုတ်နိုင်ငံသား တစ်ဦးမှ ရှယ်ယာ ၅ဝရာခိုင်နှုန်း အထိ ပါရှိ ရမည်ဖြစ်ပြီး  တရုတ်နိုင်ငံသား အမည်ခံမှသာ   ခွင့်ပြုမည်ဟု  အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။                          

နေနေ