ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ လူ(၁၀၀)ဆန့် COVID-19 Quarantine Center ထားရှိရန်အတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၅

 

 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019( COVID-19) ရောဂါကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး ဆောင် ရွက်နေသည့်ကာလအတွင်း COVID-19 ရောဂါ သံသယလူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ်များ ထားရှိရန်အတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ လူ(၁၀၀)ဆန့် COVID-19 Quarantine Center ထားရှိ ရန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများက အဆောက်အဦ အတွင်း၊ အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။