တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၅

 

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီ ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူး ဒိုင်း(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများတွင် တစ်ဦးချင်းဆုရရှိကြ သူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

 

အဆိုပါ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲကို တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၆ သင်းတို့ဖြင့် ဇွန် ၂၅ ရက်မှ ယနေ့အထိ ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။