အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးရှိ ရဲစစ်ဆေးဆဲ အမှုအချို့မှ အချုပ်သူ၊ အချုပ်သားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွတ်ပေးခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်  

သတင်းထုတ်ပြန်ချက် (၁၀/ ၂၀၂၁)

 

 

၁။ နိုင်ငံပိုင်သတင်းမီဒီယာများအရ သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့် တရားစွဲဆိုထားသူများအနက်မှ (၂၄) ဦးနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးရှိ အမှုဖွင့် အရေးယူထားသူများအနက်မှ ပထမဦးစားပေးအဖြစ် ရဲစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုး သမီး (၈၆) ဦး၊ တရားရုံး စစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး (၂၂၁၀) ဦး၊ စုစုပေါင်း (၂၂၉၆) ဦး တို့ကို သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုရုပ်သိမ်းပေးခဲ့ပြီး ပြန်လည်စေလွှတ် ပေးခဲ့ခြင်းကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အားတက်မိပါသည်။

၂။ အထက်ပါပြန်လည်စေလွှတ်ပေးခဲ့သည့် အမှုရင်ဆိုင်ဆဲ အချုပ်သူ၊ အချုပ်သားများတွင် သတင်းမီဒီယာသမားများလည်း ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာ ချက် (၆/၂၀၂၁) အရ သိရှိရပါသည်။ ယင်းကဲ့သို့ အနုပညာရှင်များ၊ သတင်းမီဒီယာသမားများ အပါအဝင် အမှုရင်ဆိုင်ဆဲ အချုပ်သူ၊ အချုပ်သားများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အမှု ရုပ်သိမ်းကာ ပြန်လွှတ်ပေးခဲ့ခြင်းအပေါ် သက်ဆိုင်ရာမိသားစုများ၊ နိုင်ငံသူ နိုင်ငံသားများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးတို့ကလည်း စိတ်အား တက်ကြွကြမည်ဟု ယုံကြည်ပါသည်။

၃။ ယခုကဲ့သို့ COVID-19 ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုကို မြန်မာနိုင်ငံအပါအဝင် လူသားမျိုးနွယ်များအားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်ကာလတွင် အမှုဖွင့်လှစ်ထားခြင်း မှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ရုပ်သိမ်းပြန်လွှတ်ပေးခြင်းသည် လူသားချင်းစာနာ ထောက် ထားမှုများနှင့် လူ့အခွင့်အရေးရှုထောင့်များမှ အလွန်အရေးပါသော လုပ်ဆောင်မှုတစ်ရပ် ဖြစ်သည့် အပြင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများကို အတိုင်း အတာတစ်ရပ်အထိ အထောက်အပံ့ဖြစ်စေမည်ဟု ကော်မရှင်မှ ရှုမြင်ပါသည်။

၄။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက်တွင် ပြန်လည်လွတ်မြောက်လာသည့် သတင်းမီဒီယာသမားများအနေဖြင့် စတုတ္ထမဏ္ဍိုင်ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော ကျင့်ဝတ် နှင့် စံနှုန်းများကို ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းချက်ကိုလည်း ကြိုဆိုအပ်ပါသည်။

၅။ အလားတူ ဆောင်ရွက်ချက်များ မကြာသေးမီကာလအတွင်း ထပ်မံပေါ်ထွက်လာပြီး ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ပိုမိုအရှိန်အဟုန်မြင့်စေမည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြင်းပြစွာ မျှော်လင့်မိပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်