ဘူလ်ဂေးရီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်အရွေးချယ်ခံရန် မန်ယူအသင်း ကစားသမားဟောင်း ဘာဘာတော့ဗ် မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်

ဘူလ်ဂေးရီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးအတွက် ဝင်ရောက်အရွေးချယ်ခံရန် ဘူလ်ဂေးရီးယား လက်ရွေးစင်အသင်းနှင့် မန်ယူအသင်းကစားသမားဟောင်း ဘာဘာတော့ဗ် မဲဆွယ်စည်းရုံးမှုများ လိုက်လံလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဘူလ်ဂေးရီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဥက္ကဋ္ဌ သစ်ရွေးကောက်ပွဲကို မကြာမီကျင်းပမည်ဖြစ်ပြီး ဘာ ဘာတော့ဗ်က ဝင်ရောက်အရွေးချယ်ခံရန် နိုင်ငံအတွင်း မြို့အများအပြားသို့သွားရောက်ကာ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်နေခြင်းဖြစ်သည်။

အသက် ၄၀ နှစ်ရှိ ဘာဘာတော့ဗ်သည် ကစားသမားဘဝက လေဗာကူဆင်၊ စပါး၊ မန်ယူ၊ ဖူလ်ဟမ်၊ မိုနာကို စသည့်အသင်းများ၌ ကစားခဲ့သူဖြစ်သည်။ မန်ယူအသင်း၌ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိကစားခဲ့ကာ ပြိုင်ပွဲစုံ ၁၀၈ ပွဲကစားပြီး ၄၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလားအပါအဝင် ဆုဖလား များ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပြီး  ၂၀၁၈  ခုနှစ်က  ကယ်ရာ လာဘလက်စတာအသင်း၌ ကစားခဲ့ပြီးနောက် ကစား သမားဘဝက အနားယူခဲ့သူဖြစ်သည်။

ဘာဘာတော့ဗ်သည် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် လက်ရှိတွင် ဘူလ်ဂေးရီးယားကလပ် အီတာ အသင်း၌ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

Ref;Goal