ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် အလားအလာအရှိဆုံး ကစားသမားငါးဦးတွင် အီတလီအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ပါဝင်လာ

ကမ္ဘာ့အကောင်းဆုံး  ကစားသမားဆုအတွက် အလားအလာအရှိဆုံး ကစားသမားငါးဦးတွင် အီတလီ အသင်းနှင့် ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ပါဝင်လာခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သက်ဆိုင်ရာကလပ်အသင်းများ နှင့် လက်ရွေးစင်အသင်းအပေါ် အကျိုးသက်ရောက် မှုပေါ်မူတည်ပြီး ရမှတ်သတ်မှတ်ကာ ရွေးချယ်ပေး အပ်ခြင်းဖြစ်သည်။

လက်ရှိကျင်းပနေသည့်   နိုင်ငံတကာပြိုင်ပွဲများ မတိုင်မီ လိဂ်ပြိုင်ပွဲများပြီးဆုံးချိန်တွင် ကမ္ဘာ့အကောင်း ဆုံးကစားသမားဆုအတွက်  ရေပန်းစားခဲ့ကြသည့် ကန်တီနှင့် အမ်ဘတ်ပီတို့သည် ယူရို ၂၀၂၀ ပြိုင်ပွဲ တွင်  ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိဘဲ   ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာခဲ့ရသည့်အတွက် ရမှတ်များလျော့ ကျဖွယ်ရှိနေပြီး စီရော်နယ်ဒိုသည်လည်း  ယူရိုပြိုင်ပွဲ တွင် ၁၆ သင်း  ရှုံးထွက်အဆင့်မှပင်  ထွက်ခွာခဲ့ရ သည်။

ကမ္ဘာ့အကောင်းဆုံး    ကစားသမားဆုအတွက် အလားအလာရှိသည့်     ကစားသမားငါးဦးတွင် ဘယ်လ်ဂျီယံ အသင်းနှင့် မန်စီးတီး အသင်းမှ ဒီဘရိုင်း၊  အီတလီအသင်းနှင့် ချယ်လ်ဆီးအသင်းမှ  ဂျော်ဂျင်ဟို၊ အင်္ဂလန် အသင်းနှင့်  စပါးအသင်းမှ  ဟယ်ရီကိန်း၊ ပိုလန်အသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းမှ လီဝန် ဒေါစကီး၊ အာဂျင်တီးနားအသင်းနှင့်  ဘာစီလိုနာအသင်းမှ မက်ဆီတို့ပါဝင်နေသည်။

ကမ္ဘာ့အကောင်းဆုံး   ကစားသမားဆုအတွက် အစောပိုင်းကတည်းက  ရေပန်းစားနေသည့် ဒီဘရိုင်း သည် ယူရိုပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှပင် ထွက်ခွာခဲ့ရသည့်အတွက်  ရမှတ်များလျော့နည်း ဖွယ်ရှိနေပြီး  လီဝန်ဒေါစကီးသည်လည်း ပိုလန် အသင်းနှင့် အုပ်စုအဆင့်မှပင်  တက်ရောက်နိုင်ခြင်း မရှိသည့်အတွက်   ရမှတ်များလျော့နည်းဖွယ်ရှိနေ သည်။

အဆိုပါကစားသမားများမှ  လက်ရှိတွင် ဟယ်ရီကိန်းက  အင်္ဂလန်အသင်းအတွက် သွင်းဂိုးများ သွင်းယူနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက် ထားသကဲ့သို့ ပြီးခဲ့သည့် ဘောလုံးရာသီက ချယ်လ်ဆီး အသင်းနှင့် ချန်ပီယံလိဂ်ဖလားရရှိ ထားသည့်  အီတလီအသင်းမှ  ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို သည်လည်း အီတလီအသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သည့်အတွက် အလားအလာ အကောင်းဆုံး ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ပြီး လက်ရှိ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အကောင်း ဆုံးခြေစွမ်း ပြသနေပြီး   အာဂျင်တီးနား အသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်ထိ    တက်ရောက်ထားသည့် မက်ဆီသည်လည်း အသင်းနှင့် ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ခဲ့မည် ဆိုပါက   ခုနစ်ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို   မျှော်လင့်ခွင့်ရရှိ ဖွယ်ရှိကြောင်း သိရသည်။     

Ref; Daily Mail