လာမည့်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပုံမှန်အတိုင်း ပရိသတ်များ ကွင်းလုံးပြည့် ပြန်လည် ဝင်ရောက်ကြည့်ရှုခွင့်ရရှိမည်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၁၉ ရက်မှစတင်ပြီး နိုင်ငံအတွင်း အားကစားပြိုင်ပွဲများ တွင် ပုံမှန်အတိုင်း ပရိသတ်များ ကွင်းလုံးပြည့် ပြန်လည် ဝင်ရောက်ခွင့်ပေးမည်ဟု   ထုတ်ပြန်ခဲ့သောကြောင့် လာမည့်ဘောလုံးရာသီ   ပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် ပြည်တွင်းအားကစားပြိုင်ပွဲအားလုံး    ပရိသတ်များ ပြန်လည်ဝင်ရောက် ကြည့်ရှုခွင့်ရရှိမည် ဖြစ်သည်။

အင်္ဂလန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး COVID-19 ရောဂါအခြေအနေကြောင့်  အားကစားပြိုင်ပွဲများတွင်   တစ်နှစ်ခွဲနီးပါး  ပရိသတ်များဝင် ရောက်ခွင့်မရရှိခဲ့သည့်အတွက် သက်ဆိုင်ရာကလပ် အသင်းများအနေဖြင့်  ဘဏ္ဍာရေးအကျပ်အတည်းများ တွေ့ကြုံခဲ့ရပြီး လာမည့်ဘောလုံးရာသီမှစတင်ကာ  ပရိသတ်များ   အကန့်အသတ်မရှိ  ပြန်လည် ဝင်ရောက်ခွင့်ရရှိမည် ဖြစ်၍     အသင်းအားလုံး၏  ဘဏ္ဍာရေး အခြေအနေများ  ပြန်လည် ဖြည့်တင်းနိုင်တော့မည် ဖြစ်သည်။

ဗြိတိန်အစိုးက   နိုင်ငံအတွင်းရှိ  ဝင်ဘလေ အားကစားကွင်း၌ ကျင်းပနေသည့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ပရိသတ်များကို အကန့်အသတ်ဖြင့် ကြည့်ရှုခွင့်ပေးထားပြီး  ဆီမီးဖိုင်နယ်ပွဲစဉ်နှင့်   ဗိုလ်လုပွဲတို့တွင်လည်း ပရိသတ်များ အကန့်အသတ်ဖြင့်  ဝင်ခွင့်ပြုမည်ဖြစ်သော်လည်း ဇူလိုင် ၁၉ ရက်နောက်ပိုင်းတွင် အကန့်အသတ်မရှိ  ပြန်လည်ဝင်ရောက်ကြည့်ရှုခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။

Ref;90Min