ကျိုင်းတုံမြို့နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ Mask များ ပေးဝေ လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၇

 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံပညာကျောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ အခြေခံ ပညာကျောင်းများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သား များက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask စုစုပေါင်း ၅၆၃၉ ခုကို အခမဲ့ သွားရောက်ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။