မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် Covid-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၇

 

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ စမ်းကြီးဝရပ်ကွက်ရှိ ရတနာကျောင်းတိုက်နှင့် မှော်ဘီမြို့နယ်၊ ရဲစုကျေးရွာရှိ ရဲစုရွာဦးကျောင်းတိုက်တို့မှ သံဃာတော်များများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်နှင့် မှော်ဘီတပ်နယ်တို့မှ တာဝန် ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။