မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ  

နေပြည်တော်၊ ဇူလိုင် ၇

 

 

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် အမရပူရမြို့နယ်၊ ပြည်လုံးကျော်ကျေးရွာနေ အောင်ဆန်းဦး(၃၂)နှစ် (ဘ)ဦးကျော်ရှိန်းသည် Online ပေါ်၌ လက်လုပ်သေနတ်များ ဖြန့်ချိ ရောင်းချနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အဆိုပါ နေအိမ်အတွင်း၌ အောင်ဆန်းဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၁ လက်၊ သေနတ်ဒင်ပုံစံပြုလုပ်ထားသော ကော်ပြား ၂ ခု၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ်အပိုင်း ၃ လက်၊ လုံး၊ PVC ပိုက်အပိုင်းအစ ၅ ခု၊ စတီးပိုက် ၁ ချောင်း၊ ဂက်စ်ဘူး ၁ ဘူး၊ လေးခွ ၃ လက်၊ သံဘောစေ့ ၄၀ လုံးနှင့် သန့်စင်ခန်းသုံး အက်စစ်ဘူး ၂ ဘူးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

 

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။