ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးတွင် အက်စ်တွန်ဗီလာအသင်းမှ ဂရီးလစ်ရှ်ကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီးအသင်း ခေါ်ယူနိုင်

မန်စီးတီးအသင်းသည် အက်စ်တွန်ဗီလာအသင်းမှ ဂရီးလစ်ရှ်ကို လက်ရှိကျင်းပနေသည့်  ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးတွင်   မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

ဂရီးလစ်ရှ်သည် ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ခုတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက်   ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးအများစုက ခေါ်ယူ ရန်ပြင်ဆင်လာခြင်း ဖြစ်သည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် လာမည့် ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကို ကြီးကြီးမားမား အပြောင်းအလဲပြုလုပ်လိုနေပြီး စတာလင်း၊ မာရက်ဇ်၊ ဂျီးဆက် စသည့်ကစားသမားများအား ရောင်းချကာ ဂရီးလစ်ရှ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

ဂရီးလစ်ရှ်ကိုယ်တိုင်က  လက်ရှိတွင် ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး  ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားရန် ဆန္ဒရှိနေသောကြောင့်   အက်စ်တွန်ဗီလာအသင်းကို စွန့်ခွာဖွယ်ရှိနေသည်။ ထိုအတွက် မန်စီးတီးအသင်းက   အက်စ်တွန်ဗီလာအသင်း တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး    စတာလင်ပေါင် သန်း ၁၀၀ ကို ပေးချေပြီး   ခေါ်ယူရန်ပြင်ဆင်ထားကြောင်း   သိရသည်။

Ref;Dailymail