လက်ရှိကမ္ဘာတစ်ဝန်းရှိလိဂ်များမှ ဈေးကွက်ထိပ်တန်းအမြင့်ဆုံး လိဂ်စာရင်းတွင် ပရီးမီးယားလိဂ် ထိပ်ဆုံးမှဦးဆောင်

ကမ္ဘာ့ထိပ်တန်း  သတင်းဝက်ဘ်ဆိုက်ဖြစ်သည့် transfermarkt.co.uk က စစ်တမ်းကောက်ဖော်ပြမှုများအရ လက်ရှိ ကမ္ဘာတစ်ဝန်းရှိလိဂ်များမှ ဈေးကွက်ထိပ်တန်း အမြင့်ဆုံး လိဂ် ၁၀ လိဂ်စာရင်းတွင် ပရီးမီးယားလိဂ်က   ထိပ်ဆုံးမှဦးဆောင်နေကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းရှိ ဘောလုံးလိဂ်များ၌ ကစားသမားအပြောင်းအရွှေ့တွင် ထိပ်တန်းကစားသမား အပြောင်းအလဲပြုလုပ်မှုများအဖြစ်   ပရီးမီးယားလိဂ်ကလပ်အသင်းများက ပြုလုပ်လေ့ရှိသကဲ့သို့ လက်ရှိအပြောင်းအရွှေ့ ကာလတွင်လည်း ပရီးမီးယားလိဂ်ထိပ်တန်းကလပ် မန်ယူအသင်းက ဒေါ့မွန်အသင်းမှ ဆန်ချိုကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇၃ သန်းဖြင့် ခေါ်ယူပြီး မြင့်မားသည့် အပြောင်းအရွှေ့ပြုလုပ်ခဲ့သည်။

လက်ရှိ    ကမ္ဘာတစ်ဝန်းထိပ်တန်းလိဂ်များတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲက ဈေးကွက်တန်ဖိုးအမြင့်ဆုံး အဖြစ် စတာလင်ပေါင် ၈ ဒသမ ၅၆ ဘီလီယံအထိရှိပြီး ဒုတိယနေရာမှ စီးရီးအေပြိုင်ပွဲထက် ထက်ဝက်နီးပါး များပြားနေခြင်းဖြစ်သည်။

အဆင့်(၂)နေရာ၌ စီရီးအေပြိုင်ပွဲက စတာလင်ပေါင် ၄ ဒသမ ၉၆ ဘီလီယံ၊  အဆင့်(၃)နေရာ၌ စပိန်လာလီဂါပြိုင်ပွဲက စတာလင်ပေါင်  ၄ ဒသမ ၈၉ ဘီလီယံ၊ အဆင့်(၄)နေရာ၌ ဂျာမန်ဘွန်ဒက်စ်လီဂါ က စတာလင်ပေါင် ၄ ဒသမ ၃၃ ဘီလီယံ၊ အဆင့်(၅)နေရာ၌ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲက စတာလင်ပေါင် ၃ ဒသမ ၄၅ ဘီလီယံ၊ အဆင့်(၆)နေရာ၌ ပေါ်တူဂီပရီးမီးယားလီဂါပြိုင်ပွဲက    ၁ ဒသမ ၂၁ ဘီလီယံ၊ အဆင့်  (၇) နေရာ၌  အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲက ၁ ဒသမ ၁၂ ဘီလီယံ၊ အဆင့် (၈) နေရာ၌ ဘရာဇီးစီးရီးအေ ပြိုင်ပွဲက ၁ ဒသမ ၀၄ ဘီလီယံ၊ အဆင့် (၉)နေရာ၌ နယ်သာလန် အာရီဒီဗိုက်စီပြိုင်ပွဲက ၁ ဒသမ ၀၁ ဘီလီယံဖြင့် အသီးသီး ရပ်တည်နိုင်ခဲ့ကြကြောင်း သိရသည်။           

Ref;transfermarkt.co.uk