ပုသိမ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၉

 

Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များရှိလာသဖြင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စားရေးအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များအတွက် စားသောက်ကုန်ပစ္စည်းများကို ရဲတပ်ဖွဲ့မှူးရုံး၌ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။