ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်များအတွင်းရှိ မြို့များ၌ Mask များ သွားရောက်ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၉

 

 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့၊ ကျုံပျော်မြို့၊ ရေကြည်မြို့၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အိမ်မဲမြို့၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နှင့် မော်လမြိုင် ကျွန်းမြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူ များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask ၂၃၀၀၀ ခုကို ဒေသခံ ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။