စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ ၊ မရှိစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ကိုက်ညီမှုရှိ၊ မရှိ တာဝန်ရှိသူများ ပူးပေါင်း၍   စက်တင်ဘာ ၃ ရက်တွင် ကွင်းဆင်းစစ်ဆေး  ဆောင်ရွက်ကြောင်း  သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များ အတွင်းဆိုင်ထိုင် ရောင်းချလိုသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား COVID-19 ရောဂါကာကွယ်ရေးအတွက် စားပွဲဝိုင်းများတွင် အကာအရံများ ထားရှိရေး၊ လက်ဆေးဘေစင်များ၊ ံ Hand Gel  များထားရှိပေးရေး၊ ရောင်းချသူများ အနေဖြင့် နှာခေါင်းစည်းများ၊ Face Shield  များတပ်ဆင်ပြီးမှ ရောင်းချစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကျန်းမာရေး သတိပေး ပိုစတာများ၊ ဆိုင်းဘုတ်များ ကပ်ထားမှုရှိစေရေး   စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။