စပါးခင်းများတွင် မျိုးကွဲအပင်များထုတ်ပယ်ခြင်းသရုပ်ပြ

မအူပင်၊ စိုက်ပျိုးရေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာတောင်သူ ဦးချစ်သိန်း၏ ကွင်းအမှတ်(၇၅၄)စိုက်ဧက ၁၁ ဧကတွင် မျိုးစေ့ထုတ်စိုက်ပျိုးမည့် ဆင်းသုခမျိုးစပါးစိုက်ခင်း အတွင်းမျိုးကောင်းမျိုးသန့်ရရှိစေရန်အတွက် အခြားမျိုးကွဲအပင်များ ထုတ်ပယ်ခြင်းကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်းသိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မန်နေဂျာ ဒေါ်သန်းစိန်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်နှင်းနှင်း၊ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံ ဦးသာအေး၊ မြို့နယ်မျိုးစေ့တာဝန်ခံ ဒေါ်ခင်ခင်ချိုနှင့် ငါးကြီးဂရက်စိုက်ပျိုးရေးစခန်းတာဝန်ခံ ဦးကျော်မိုးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြပြီး တောင်သူ ဦးချစ်သိန်း၏ ဆင်းသုခစိုက်ဧက ၁၁ ဧက အတွင်းတွင် မျိုးသန့်စပါးရရှိစေရေးအတွက် မျိုးကွဲစပါးအပင်များအား ထုတ်ပယ်ခြင်းသရုပ်ပြပွဲဆောင် ရွက်ကြောင်း သိရသည်။